Germany မှာကျောင်းတတ်မယ်

ကျောင်းစရိတ် နေစရိတ် သက်သာတဲ့ အတွက်ကြောင့် Germany ကို ကျောင်းသားအများစု စိတ်ဝင်စားကျပါတယ်။ ဒါပေမဲ့ German ဘာသာစကားတတ်မှ Germany မှာကျောင်းတတ်လို့ရတယ်လို့ ထင်ကြပါတယ်။ တစ်ကယ်တော့ English Language နဲ့တတ်လို့ရတဲ့ ကျောင်းတွေ Germany မှာ အများအပြားရှိပါတယ်။
ဘာကြောင့် Germany နိုင်ငံကိုရွေးချယ်သင့်တာလဲ?
Germany နိုင်ငံမှာ ပညာသင်ယူခြင်းဖြင့် သင်ဟာ EU နိုင်ငံများ၏ အခွင့်အလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုအပြင် Germany နိုင်ငံ၏ ပညာရေးအား နိုင်ငံတကာမှ အသိအမှတ်ပြုပါတယ်။ ကျောင်းစရိတ် အရမ်းမများပဲ ကောင်းမွန်တဲ့ ပညာရေး တစ်ခုရရှိနိုင်မှာဖြစ်ပြီး German စကားမတတ်ပေမဲ့လည်း English-taught Programs တွေကိုတတ်နိုင်မှာဖြစ်တာကြောင့် အရမ်းအဆင်ပြေပါတယ်။ ဖွင့်ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် ခေတ်မှီတဲ့ infrastructure နှင့် သင်ထောက်ကူများ ရရှိနိုင်သည့်အပြင် internship နှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ကျောင်းသား/သူ များအနေဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။
ကျောင်းပြီးသွားသည့်အခါတွင်လည်း Post-study work ရရှိနိုင်မည့်အပြင် နိုင်ငံသားဖြစ်သည်အထိ လျှောက်လှမ်းနိုင်မဲ့ လမ်းများလည်း ကျောင်းသားများအတွက် ရရှိနိုင်မှာဖြစ်ပါတယ်။ ကျောင်းတွေရဲ့ သင်ရိုးများဟာလည်း ခေတ်နှင့်အညီ Upgrade လုပ်ပြီးသင်ကြားပေးတာဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း Employment Rates ကောင်းမွန်သည်ကို တွေ့ရသောကြောင့် မြန်မာကျောင်းသား/သူများအနေဖြင့် ကုန်ကျစရိတ်အရမ်းမများပဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းကောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ယူလိုရင် Germany နိုင်ငံကို ရွေးချယ်သင့်ပါတယ်။
Alphabet Global နှင့် တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Germany မှာရှိတဲ့ International School များမှာ
- Berlin School of Business and Innovation (https://www.berlinsbi.com/)
- CBS International Business School (https://www.cbs.de/en/)
- EU Business School (https://www.euruni.edu/)
- EURASIA Institute for International Education (https://www.eurasia-institute.com/en/)
- FOM University of Applied Sciences for Economics and Management (https://www.fom-international.com/)
- IU International University of Applied Sciences (https://www.iu.org/)
- Lancaster University Leipzig (https://www.lancasterleipzig.de/)
- Macromedia University of Applied Sciences (Germany) (https://www.macromedia-fachhochschule.de/en/)
- Munich Business School (https://www.munich-business-school.de/en/mbs/university)
- University of Europe for Applied Sciences (https://www.ue-germany.com/)
Germany မှာ ကျောင်းတတ်ဖို့ စဉ်းစားနေပါက Alphabet Global နှင့် Consultation လုပ်နိုင်ပါတယ်။ Consultation လုပ်ဖို့အတွက် ဒီမှာရှိတဲ့ Form ကို ဖြည့်ပြီး Appointment တောင်းယူနိုင်ပါတယ်။ ရုံးမှပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်
Appointment ယူတဲ့အခါမှာ အောက်ပါအချက်အလက်များကို Appointment မယူခင်မှာကြိုတင်စဉ်းစားပေးရမှာဖြစ်ပါတယ်
- သင်သွားရောက်ပညာသင်ယူလိုတဲ့ နိုင်ငံတစ်ခု (သို့) နိုင်ငံအချို့ကို သင်သိပါသလား?
- ပညာသင်စရိတ်အတွက် အသုံးပြုနိုင်မည့် ငွေပမာဏကို သင်နှင့် သင့်အား Sponsor ပေးမည့်သူ နှင့် တွက်ချက်ထားပြီးပြီလား?
- သွားရောက်ပညာသင်ယူလိုတဲ့ ဘာသာရပ်များ ကို စဉ်းစားပြီးပြီလား?
- ဘာသာစကား နှင့်ပတ်သက်သော ELP test (IELTS, TOEFL etc.) များဖြေပြီးပြီလား (သို့) ဖြေဖို့ပြင်ဆင်နေပြီလား?
- သင့်မှာ 12th grade နှင့်ညီမျှသော ပညာအရည်အချင်း Certificate တစ်ခုခုရှိပြီးပြီလား?
Appointment မယူခင်မှာ အထက်ပါအချက်အလက်များကို အတိုင်းအတာတစ်ခုအထိ စဉ်းစားအဖြေရှာထားရမှာဖြစ်ပါတယ်။ ထိုအချက်အလက်များအား ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက Appointment မှာ ထိရောက်မှူ့နည်းပါးနိုင်ပါတယ်။
Newsletter Registration for Germany studies
Alphabet Global နှင့်တိုက်ရိုက် ချိတ်ဆက်ထားသော Germany နိုင်ငံမှ ကျောင်းများ၏ အသေးစိတ်အချက်အလက်များ၊ Intake နှင့် Scholarship အချက်အလက်များ နှင့် အခြား Germany နိုင်ငံတွင် ပညာသင်ယူလေ့လာရေး နှင့်သက်ဆိုင်သော အချက်အလက်များကို သင့်၏ Email တွင် ရယူလိုပါက အောက်တွင်ပေးထားသော Newsletter Registration တွင် Register လုပ်ထားနိုင်ပါသည်။